#ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး အကြောင်းတစ်စေ့တစ်စောင်း
#ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး ကို ရခိုင်သက္ကရာဇ် (၁၃၈၁) ခု တန်းဆောင်မုန်းလဆန်း (၄) ရက် ခရစ်နှစ် (၂၀၁၈) ခုနှစ် နိုဝင်ဘာလ (၁၁) ရက် တနင်္ဂနွီနိ မှာ စတင်ဖွဲ့စည်းခသည်။
မူလက #ညီညွတ်သောရခိုင်လူငယ်များသမဂ္ဂ အမည်နှင့် အဖွဲ့ဝင် ကိုးဦးဖြင့် စတင်ဖွဲ့စည်းခခြင်းဖြစ်သည်။ သမဂ္ဂ အမည်ဖြင့် လူမှူကယ်ဆယ်ရေးလုပ်ငန်းအချို့နှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းအချို့ကို လုပ်ဆောင်ပြီး အဖွဲ့၏ သက်တမ်း (၆) လအတွင်း ကျင်းပသော ပထမဆုံး ဗဟိုကော်မတီအစည်းအဝေးတွင် အဖွဲ့အစည်း၏ ရှေ့ရေးနောင်ရေးတို့ကို မျှော်မှန်း၍ #ညီညွတ်သောရခိုင်လူငယ်များသမဂ္ဂ အမည်မှ #ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး ဟု ပြောင်းလဲခဲ့သည်။
အင်္ဂလိပ်ဘာသာ (United Arakan Youths Union-UAYU)
ကို မူလအတိုင်းခေါ်တွင်စေခဲ့သည်။
#ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး သည် သီးခြားလွတ်လပ်သော အမှီအခိုကင်းသော အစည်းအရုံး ဖြစ်သည်။ယင်းနည်းအတူ ကိုယ့်အားကိုယ်ကိုး မူဝါဒကို အခြေခံကျင့်သုံးသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
#ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး ၏ ရည်မှန်းချက်မှာ ရခိုင်လူငယ်ထုဘက်စုံစွမ်းရည်မြင့်မားရေးနှင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးသော ရခိုင့်လူ့ဘောင်သစ် ပေါ်ထွန်းလာရေးဖြစ်သည်။
#ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး သည် သက်တမ်း ကာလအားဖြင့် (၂)နှစ် နီးပါးသို့ ချဉ်းနင်းချီတက်လာခပြီဖြစ်သည်။ ၄င်းကာလအတွင်း #မီးဘေး #စစ်ဘေး #ကယ်ဆယ်ကူညီရေးလုပ်ငန်းများ
#ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများ #ကွန်ပျူတာသင်တန်း #အင်္ဂလိပ်စကားပြောသင်တန်း #ကျန်းမာရေးစောင့်ရှောက်မှူသင်တန်း #လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းများ နှင့် #သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လာခဲ့ပြီး လူငယ် (၂၀၀) ခန့်ကို စုစည်းလေ့ကျင့်မွေးထုတ်၍ ဝါသနာအားသန်ရာလမ်းကြောင်းများသို့ တွန်းပို့ နိုင်ခပြီးဖြစ်သည်။
ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး ၏ အဓိက တာဝန်ကြီးသုံးရပ်မှာ #စည်းရုံးရေး #စွမ်းရည်မြှင့်တင်ရေး နှင့် #ကုန်ထုတ်လုပ်ရေး တို့ဖြစ်သည်။
အစည်းအရုံးသည် ရခိုင်ပြည်နှင့် ရခိုင်လူငယ်ထုတရပ်လုံးအားကိုယ်စားပြုပြီး လက်ရှိအချိန်တွင် အဖွဲ့အစည်း၏ ဗဟိုဌာနချုပ်ကို မင်းပြားမြို့၌ အခြေပြုသည်။
ရခိုင်လူငယ်ထုဘက်စုံစွမ်းရည်မြင့်မားရေးနှင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးသောရခိုင့်လူ့ဘောင်သစ် တည်ဆောက်ရေးကို စိတ်ပါဝင်စားသော ရခိုင်ပြည်မြို့နယ်အသီးသီးမှလူငယ်များ ပြည်တွင်း ပြည်ပ အဝေးရောက် ရခိုင်လူငယ်များ အနေဖြင့် ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး နှင့် ပူးပေါင်းပါဝင်လက်တွဲပြီးလုပ်ဆောင်နိုင်ပါသည်။
Khaing Ni Wong
19-7-2020
3:20 AM
See Less


Comments
Post a Comment